Android ဖုန်းကို အသုံးပြုပြီး အင်တာနက်အပေါ်မှာ ဘယ်လို Anonymous ဖြစ်အောင်နေမလဲ



Anonymous လို့ ပြောလိုက်တာနဲ့ Hacker တွေကို မျက်လုံးထဲပြေးမြင်ယောင်မိမှာပါ။ ဘာကြောင့် Anonymous လို့ခေါ်ရတာလဲ ဆိုတာမေးစရာရှိပါတယ်။ Anonymous ကို တိုက်ရိုက်ဘာသာပြန်မယ်ဆို အမည်မသိပေါ့ ဆီလျှော်အောင် ဘာသာပြန်မယ်ဆို ကိုယ်ပျောက်လူသား လို့ အလွယ်တကူ ခေါ်ဆိုနိုင်ပါတယ်။ ကိုယ်ပျောက်လူသားဆိုတာကတော့ ဘယ်ကလာတယ် ဘယ်ကိုသွားတယ် စသည်တို့ကို ခြေရာခံလို့မရအောင် ဖျောက်ထားခြင်း ဖြစ်ပါတယ်။ Anonymous များ ခြေရာဖျောက်သည့် နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ ထိုနည်းလမ်းများထဲမှ နည်းလမ်းတစ်ခုဖြစ်သော IP Address ဖျောက်သည့် နည်းလမ်းကို ရေးသား ဖော်ပြပေးမှာ ဖြစ်ပါတယ်။ IP Address ကို Android ဖုန်းကို အသုံးပြုပြီး မည်ကဲ့သို့ ဖျောက်သည်ကို ဆက်လက်ဖော်ပြပေးပါ့မယ်။

Orbot နှင့် Orweb ကို Android ဖုန်းတွင် Install လုပ်ပါ။


Installation လုပ်ပြီးပါက Orbot ကို စတင်လိုက်ပါ။ Orbot ကို စတင်သည့်အခါ Power Button ကို ခဏကြာအောင် ဖိထားပေးပါ။ ထို့နောက် Check Browser ကို နှိပ်ပြီး Browser ကို စတင်နိုင်ပါတယ်။ Browser မှ တဆင့် www.whatismyip.com တွင် မိမိ ၏ IP Address ကို ရှာဖွေကြည့်ပါက IP Address အစစ်မဟုတ်တော့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

IP Address ပြောင်းလဲခြင်းသည်လည်း Cyber Criminal Case တစ်ခုဖြစ်ပါတယ်။ Attacker or Hacker များသည် အထက်ပါနည်းလမ်းများကို အသုံးပြုပြီး အင်တာနက်အပေါ်တွင် Anonymous အဖြစ် ရပ်တည်ကြပါတယ်။ စာချစ်သူများလည်း Tor ကို အသုံးပြုပြီး Anonymous များအဖြစ် နေထိုင်နိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ…..

15-2-2017
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)
Android ဖုန်းကို အသုံးပြုပြီး အင်တာနက်အပေါ်မှာ ဘယ်လို Anonymous ဖြစ်အောင်နေမလဲ Android ဖုန်းကို အသုံးပြုပြီး အင်တာနက်အပေါ်မှာ ဘယ်လို Anonymous ဖြစ်အောင်နေမလဲ Reviewed by Myanmar Ethical Hacking News on 3:42 PM Rating: 5

No comments:

MEHN Team. Powered by Blogger.