Facebook Marketing နည်းလမ်း (၆) သွယ် နှင့် Facebook Page ကို ထိန်းသိမ်းခြင်း


ယခုနှစ်ပိုင်းတွေမှာတော့မြန်မာနိုင်ငံမှာ Blog Website တွေပျောက်ကွယ်လုဖြစ်ပြီး Facebook Page ကို
အစားထိုးအသုံးပြုလာကြတယ်။ Facebook Page မှာ မိမိရဲ့ကုန်ပစ္စည်းတွေကိုကြော်ငြာကြတယ်၊ မိမိရဲ့ အင်္ကျီဆိုင် ဖိနပ်ဆိုင် အစရှိသဖြင့်ကြော်ငြာလာကြတယ်။ Facebook Page ကို အစားထိုးသုံးစွဲလာသည်နှင့်အမျှ Facebook Page Managing ကိုလည်း ကျွမ်းကျင်ကြဖို့ ပိုမိုသိရှိလာဖို့လိုအပ်လာနေပြီဖြစ်ပါတယ်။
ကျနော်အခုပြောပြမယ့်အကြောင်းအရာကတော့ Facebook Page ကနေ Marketing ပြုလုပ်ကြမယ် Page Adminေ တွ အနေနဲ့ မိမိ Page ကိုသေချာကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုလာတတ်လာစေဖို့ ရည်ရွယ်ပါတယ်။

#1: Check Your Wall-posting Preferences
ပထမအချက်အနေနဲ့ကတော့ မိမိရဲ့ ကြော်ငြာ Post မှာ လူအများစိတ်ဝင်စားစေနိုင်ရဲ့ အရေးအသားစာတွေ/ပုံတွေကိုအသုံးပြု ကြော်ငြာဖို့ ကတော့ အဓိကကျဆုံးအချက်တစ်ခုပါ။ Customer တွေစိတ်ထဲမှာ Post ကိုကြည့်လိုက်ရုံဖြင့် ၀ယ်ချင်လာအောင်ပြုလုပ်ဆွဲဆောင်ခြင်းကတော့ Social Marketing မှာ အရမ်းကိုအရေးကြီးဆုံးဖြစ်နေမှာတော့အသေချာပါပဲ။

#2: Use Insights to Determine What’s Working for Your Page
ဒုတိယနည်းလမ်းအနေနဲ့ကတော့ မိမိရဲ့ Page မှာရှိနေတဲ့ Insights ဆိုတဲ့ နေရာလေးကတော့ မိမိရဲ့ Page/Post ကို လူတွေဘယ်လောက်ထိစိတ်ဝင်စားကြလည်း ဘယ်လောက်သောအရေအတွက်က ကြည့်ရှုထားသလည်းဆိုတာကို Monitoring ပြုလုပ်ပေးတဲ့ နေရာလေးပဲဖြစ်ပါတယ်။အဲ့ဒီနေရာလေးကိုကြည့်ရှုပြီး မိမိတင်ထားတဲ့ Post ကိုဘယ်လောက်ထိစိတ်ဝင်စားနေကြသလည်း? ဘာတွေပြုပြင်ဖို့ လိုအပ်နေအုံးမလည်း? ဆိုတာတွေကို ကြည့်ရှုဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။

#3: Assign Admin Roles
တတိယအချက်အနေနဲ့ကတော့ Facebook ကခွင့်ပြုထားတဲ့ Page Roles နေရာအကြောင်းပဲဖြစ်ပါတယ်။
Facebook က Admin / Editor /Moderator/ Advertiser / Analyst နဲ့ Live Contributor ဆိုပြီး
နေရာလေးတွေသတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်။Page တစ်ခုကို တစ်ဦးတစ်ယောက်တည်းက ပင်တိုင်လုပ်ဆောင်နေတာထက်စာရင်အနည်းဆုံး ၂ ဦး သို့မဟုတ် ၃ဦး ဖြင့် ပူးပေါင်းဆောင်ရွက်တာက ပိုမိုအောင်မြင်စေနိုင်တယ်ဆိုတဲ့ အချက်ကိုသိရှိပြီးဖြစ်တဲ့အတွက် အဲဒီနေရာလေးတွေကို Facebook ကသတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်။တစ်ဦးနဲ့တစ်ဦး အကြံဥာဏ်ဖလှယ်တာတွေ တိုင်ပင်ဆွေးနွေးပြီး မိမိရဲ့ Page ကိုပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ထားချင်းပင်ဖြစ်ပါတယ်။တစ်ဦးမအားလပ်တဲ့အချိန်မျိုးမှာ အခြားတစ်ဦးက ၀င်ရောက် ဆောင်ရွက်စေခြင်းဖြင့် မိမိတို့ရဲ့ Page Ativation Action ကိုရရှိစေ
မှာဖြစ်သလို Customer များရဲ့ စိတ်ဝင်စားမှုကိုလည်းပိုမိုရရှိစေနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်စေမှာပါ။

#4: Choose Your Featured Likes
ကျနော်တို့ရဲ့ Page Promote and Post Boost ၀န်ဆောင်မှုများမှ သင်တို့၏ Page ကို Like များရရှိတိုးပွားလာစေရန် ဆောင်ရွက်ပေးနေပြီးတခြားသော Customer များနှင့်ချိတ်ဆက်ပေးသကဲ့သို့ဝန်ဆောင်မှုကောင်းများပေးလျက်ရှိနေပြီးဖြစ်ပါသည်။သင်၏ စာမျက်နှာကို တခြားသော စာမျက်နှာများလိုပါပဲဟု Customer or Visitor များက ထင်မြင်သွားမှာကိုအဖြစ်ခံချင်ကြမှာမဟုတ်ပါဘူး။မိမိ၏စာမျက်နှာကို ကောင်းစွာထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းသည်လည်း Visitor အများအပြားဝင်ရောက်လာနိုင်ပါလိမ့်မယ်။လန်းဆန်းတက်ကြွမှုများ ပျော်ရွှင်ချမ်းမြေ့စရာအသွင်အပြင်များနှင့် Customer ကိုစွဲဆောင်ဖို့လည်းလိုအပ်ပါတယ်။Facebook Page Feature များကို အကောင်းဆုံးနဲ့ အကျွမ်းကျင်ဆုံးလေ့လာနိုင်လေ သင်၏စာမျက်နှာကို လူအများစိတ်ဝင်စားလာအောင် လာရောက်ကြည့်ရှုသူများလာအောင် လုပ်ဆောင်နိုင်လေပါပဲ။

#5: Bookmark Facebook’s Page Guidelines and Reacquaint Yourself With What’s Changed Recently
Facebook က မကြာခဏဆိုသလို သူတို့ရဲ့စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲသတ်မှတ်တတ်ပါတယ်။
Facebook Page ကိုအသုံးပြုသူ admin များကလည်း ပြောင်းလဲနေတတ်တဲ့ Facebook ကစည်းမျဉ်းစည်းကမ်းများကို မကြာခဏလေ့လာဖတ်ရှုဖို့လိုပါတယ် ဒါမှသာ Facebook ကဘာတွေပြောင်းလဲသတ်မှတ်နေသလဲ? မိမိဘက်က ဘာတွေပြောင်းလဲဖို့လိုမလဲ ဆိုတဲ့အချက်တွေကို သိရှိထားခြင်းဖြင့် Marketing ပြုလုပ်တဲ့နေရာမှာ အားသာချက်တွေရရှိနေမှာပါပဲ။

#6: Use Facebook as a Page Instead of as Yourself
ဒီအချက်မှာတော့ မိမိ Facebook Page ကိုလည်း မိမိရဲ့ Personal Account တွေလို အဆက်မပြတ်သော Information တွေသို့မဟုတ်ကြော်ငြာတွေ တင်ပေးနေဖို့လိုအပ်ပါတယ် ဒါမှ သူတို့ရဲ့ စိတ်ဝင်လက်စရှိနေတဲ့စိတ်ကို အဆက်ဖြတ်မပြစ်သလို ဖြစ်စေမှာပါMarketing တစ်ခုဟာ အဆက်ပြတ်သွားသလိုဖြစ်တာနဲ့ အရင်ကရရှိခဲ့တဲ့ Customer များကို ဆုံးရှုံးသွားရနိုင်သလိုဒီတော့ Admin များအနေဖြင့် အဆက်မပြတ်ကြော်ငြာပေးဖို့ကလည်း အဓိကကျနေပြန်ပါတယ်။ Beauty Blog Page Admin များ Online Shopping Admin များအတွက် အဲ့ဒီအချက်တွေက များစွာအထောက်အပံ့ဖြစ်မယ်လို့ထင်ပါတယ်

ဒီအချက်လေးတွေကို လေ့လာပြီး မိမိရဲ့ Page ကို Visitor သို့မဟုတ် Customer များစွာလာလည်ကြည့်ရှုလည်ပတ်လာအောင်လုပ်ကြည့်ကြပါလို့
အကြံပြုပါရစေ။

(14.2.2017)
စီစဉ်တင်ဆက်သူ DH
Facebook Marketing နည်းလမ်း (၆) သွယ် နှင့် Facebook Page ကို ထိန်းသိမ်းခြင်း Facebook Marketing နည်းလမ်း (၆) သွယ် နှင့် Facebook Page ကို ထိန်းသိမ်းခြင်း Reviewed by Mr.Thein on 11:00 AM Rating: 5

No comments:

MEHN Team. Powered by Blogger.