facebook မှ public အချက်အလက်များအား one click ဖြင့် ရယူနိုင်သော Stalkscan အား ဟက်ကာများမှ တီထွင်လိုက်ခြင်း


သတင်းအချက်လက်စုဆောင်းခြင်း(information gathering) အား ယနေ့ခေတ်တွင်လုပ်ဆောင် ကျယ်ပြန့်စွာ လုပ်ဆာင်လာကြပြီ ဖြစ်ပါတယ်။သတင်းအချက်အလက် စုံလင်စွာ ရရှိခြင်းက လုပ်ငန်းကို တ၀က်လောက်အောင်မြင်စေနိုင်ပါသည်။ဟက်ကာများမှလည်း မိမိသားကောင်များဧ။်  သတင်းအချက်အလက်စုဆောင်းခြင်းကို ဦးစွာလုပ်ဆောင်လေ့ရှိကြပါတယ်။

ဘယ်ဂျီယံ မှ ဟက်ကားများဟာ Stalkscanဆိုတဲ့ online toolကို တီထွင်ခဲ့ကြပါတယ်။ဒီtoolဟာ facebook မှ pubilc information တွေကို လွယ်ကူစွာနဲ့ လျင်လျင်မြန်မြန်ရှာဖွေပေးနိုင်ပါတယ်။ဒီtoolဟာဆိုရင် မိမိရှာလိုတဲ့ လူရဲ့ profile URL ကို ရိုက်လိုက်ရုံနှင့် ရှာဖွေပေးနိုင်ပါတယ်။ဒီtoolဟာ fbရဲ့ prrivacy policies ကို လိုက်နာမှုတော့ မရှိပါဘူး။

၂၀၁၃ ခုနှစ်လောက်က fbရဲ့ feature ဖြစ်တဲ့ Graph Search ဟာ အသုံးပြုသူတွေ ရှာဖွေချင်တဲ့ အရာကို အလွယ်တကူရှာဖွေစေနိုင်ခဲ့ပါတယ်။ယခုအခါမှာတော့ ဘယ်ဂျီယံ ဟက်ကာတွေဟာ online tool ကို တီထွင်ခဲ့ကြပါတယ်။ဒီtoolဟာဆိုရင် fbမှdata ဘယ်လောက် public မှာရှိတယ်ဆိုတာ ပြသပေးနိုင်ပါတယ်။ဒီtool လေးဟာ သင့်ရဲ့ public အချက်အလက်တော်တော်များများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီtoolလေးဟာ fbရဲ့  privacy တွေကို လိုက်နာခြင်းမရှိသလို fbအဖွဲ့အစည်းနဲ့လည်း ပက်သက်ခြင်းမရှိပါဘူး။
ဒီtoolလေးဟာဆိုရင် အသုံးပြုသူတွေရဲ့ နေရာ၊လိင်၊ဆွေမျိုးများ စတဲ့အချက်အလက်များစွာကို ဖော်ပြပေးနိုင်ပါတယ်။ ပိုပြီးအံသြစရာကောင်းတာက မိမိcrushနေတဲ့သူ like လုပ်ထားတဲ့ ပုံလေးတွေ၊commentတွေ၊စိတ်ဝင်စားမှုတွေ၊သူငယ်ချင်းတွေ စတာတွေကို Stalkscan ကဖော်ပြပေးနိုင်ပါတယ်။

တချက်တော့ သတိပြု ရပါမယ်။မိမိသူငယ်ချင်းမဟုတ်တဲ့သူဟာ fb privacy ကို ကျွမ်းကျင်စွာ သုံးတတ်တယ်ဆိုရင်တော့ Stalkscan ကဖော်ပြပေးနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် ကျွန်တော်တို့ဟာ မိမိတို့ရဲ့ profile တွေကို ခိုင်ခိုင်မာမာဖြစ်အောင် ပြောင်းလဲထားသင့်ပါတယ်။

သာမန်ထက်လွန်ကဲတဲ့ အချက်အလက်တွေကိုတော့ Stalkscan ကနေ ရှာဖွေပေးနိုင်ခြင်းမရှိနိုင်ပါဘူး။ ဒါပေမယ့် fb Graph Search ကို ရှုပ်ထွေးတဲ့ ရှာဖွေမှုတွေမှာ အသုံးပြုရာမှာတော့ ကူညီပေးနိုင်ပါတယ်။Stalkscan ကတော့ ကလစ်လေးနှိပ်ရုံသာ လိုအပ်ပါတယ်။ fb ကတော့ ခုလို services တွေကို ထိန်းချုပ်ရမယ်ဆိုတာ သိထားပြီးဖြစ်ပါတယ်။ ဒီtoolကိုလည်း မကောင်းတဲ့ အလင်းရောင်အဖြစ် fb မြင်ထားပါတယ်။ သင်ရော ဒီservice လေးကို fb မှ ခွင့်ပြုသင့်တယ်လို့ မြင်ပါသလား?သင့်ရဲ့ အမြင်လေးနဲ့ အကြံပြုချက်လေး ပေးစေလိုပါတယ်ဟု Adarsh Verma မှ တင်ပြထားပါတယ်။

ကျွန်တော် အကြံပြုတင်ပြချင်တာလေးကတော့ စာချစ်သူပရိတ်သတ်များအနေဖြင့် မိမိတို့ဧ။် အချက်အလက်များကို တတ်နိုင်သမျှ လုံခြုံမှူကို မြှင့်တင်စေချင်ပါတယ်။အရာရာကို သတိလေးထားပြီး လုံခြုံရေးအမြင်လေး ထားကြည့်ပေးစေလိုပါတယ်။

ဒါကတော့Stalkscan linkလေးပါ ==> "https://stalkscan.com"

UP Ur Security Level!


21-2-2017
သတင်းစီစဉ်တင်ဆက်သူ :: D3@D$"i"@R (MEHN Team )

facebook မှ public အချက်အလက်များအား one click ဖြင့် ရယူနိုင်သော Stalkscan အား ဟက်ကာများမှ တီထွင်လိုက်ခြင်း facebook မှ public အချက်အလက်များအား one click ဖြင့် ရယူနိုင်သော Stalkscan အား ဟက်ကာများမှ တီထွင်လိုက်ခြင်း Reviewed by Mr.Thein on 3:36 PM Rating: 5

No comments:

MEHN Team. Powered by Blogger.