HTTP vs HTTPS အကြောင်း သိကောင်းစရာ



နေ့စဉ်နှင့်အမျှ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာသည် အင်တာနက်ကို အသုံးပြုလျှက် ရှိကြပါတယ်။ အင်တာနက် အသုံးပြုခြင်းနှင့်အတူ အင်တာနက်ဆိုင်ရာ လုံခြုံရေးသည်လည်း အရေးကြိးသော အခန်းကဏ္ဍတစ်ခုအဖြစ် ရပ်တည်လျှက် ရှိပါတယ်။ ယခု ဆောင်းပါးမှာတော့ HTTP နှင့် HTTPS တို့၏ ကွာခြားပုံကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


What is HTTP?

HTTP ၏ အရှည် စကားလုံးမှာ Hyper Text Transfer Protocol ဖြစ်သည်။ HTTP သည် အချက်အလက်များကို မည်သည့်ပုံစံဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး မည်သည့်နည်းလမ်းဖြင့် ပို့လွှတ်မည်ကို ခွဲခြမ်းစိတ်ဖြာပေးသော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ HTTP သည် Web Browser နှင့် Web Server ကြားတွင် ဆက်သွယ်မှူ့ပြုလုပ်ပေးသော အရာဖြစ်သည်။ Websites များကို ကြည့်ရူ့ရာတွင် Protocol များကို အသုံးပြုရသည်။ User မှ Website တစ်ခုသို့ ၀င်ရောက်လိုသည့်အခါ Web Browser မှ URL ကို ရိုက်ထည့်လိုက်ပြီး Web Server ဆီသို့ ပို့လွှတ်လိုက်ပါတယ်။ User ရိုက်ထည့်လိုက်သော URL အပေါ်မူတည်ပြီး Web Server မှ User ဆီသို့ Web Page ပြန်လည် ပို့လွှတ်မှာ ဖြစ်ပါတယ်။ အကယ်၍ User ရိုက်ထည့်လိုက်သော URL သည် မှန်ကန်မှူ့မရှိဘူး သို့မဟုတ် Web Server တွင် ထို တောင်းဆိုသော HTTP Request မရှိပါက သက်ဆိုင်ရာ Error များကို User ဆီသို့ ပြန်လည် ဖော်ပြပေးမည်ဖြစ်သည်။

အချို့သော HTTP Status Codes များမှာ -

200 – Request ကောင်းမွန်သည်။
301 - တောင်းဆိုသော Request သည် အခြားတစ်နေရာသို့ အပြီးတိုင် ပြောင်းရွေ့ပြီး ဖြစ်သည်။
401 - ၀င်ရောက်ခွင့်မရှိပါ။
403 - ဖော်ပြခွင့်မရှိပါ။
500 - တစ်ခုခုချို့ယွင်းနေသည်။


Is HTTP Secure?

HTTP သည် လုံခြုံစိတ်ချရမှူ့မရှိချေ။ MITM (Man In The Middle) Attack နည်းလမ်းဖြင့် Wirecshark ကို အသုံးပြုပြီး User ၏ Web Browser ကြားနှင့် Web Server ကြားတွင် စီးဆင်းလျှက်ရှိသော အချက်အလက်များကို ကြားဖြတ်ဖမ်းယူနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် HTTP Request ဖြင့် အချက်အလက်များ စီးဆင်းသည့်အခါ အချက်အလက်များသည် ၀ှက်စာဖြင့် ပြုလုပ်မထားဘဲ Plain Text သဘောမျိုးဖြင့် စီးဆင်းခြင်းကြောင့် ဖြစ်သည်။


What is HTTPS?
HTTPS သည် HTTP နောက်တွင် S တစ်လုံးထပ်ပေါင်းပေးလိုက်ခြင်း ဖြစ်သည်။ ပေါင်းလိုက်သော S ၏ အရှည် စကားလုံးမှာ SSL/TLS (Secure Socket Layer/Transport Layer Security) ဖြစ်သည်။ SSL/TLS သည် အချက်အလက်များ စီးဆင်းမှူ့များကို ၀ှက်စာနည်းဖြင့် ပို့ဆောင်စေကာ လုံခြုံရေးကို ပိုမိုကောင်းမွန်သည့်နည်းလမ်း ဖြစ်သည်။ HTTPS ကို အဓိကအားဖြင့် Online Shopping Websites များ Ecommerce Websites များနှင့် Internet Banking System တို့တွင် အသုံးပြုပါသည်။


Is HTTPS Secure?

HTTPS သည် လုံခြုံမှူ့ပေးစွမ်းနိုင်ပါသည်။ အကယ်၍ Attacker or Hacker များမှ MITM Attack နည်းလမ်းဖြင့်တိုက်ခိုက်ပြီး အချက်အလက်များ ရရှိသွားသည့်တိုင်အောင် ၀ှက်စာနည်းဖြင့် ၀ှက်ထားသော စာများကိုသာ ရရှိသွားမည်ဖြစ်သည်။

စာချစ်သူများအားလုံး HTTP နှင့် HTTPS ကွဲပြားခြားနားပုံကို ဗဟုသုတ ရစေခြင်း အလို့ငှာ တင်ပြလိုက်ရပါတယ် ခင်ဗျာ…

9-2-2017
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)
HTTP vs HTTPS အကြောင်း သိကောင်းစရာ HTTP vs HTTPS အကြောင်း သိကောင်းစရာ Reviewed by Myanmar Ethical Hacking News on 8:30 PM Rating: 5

No comments:

MEHN Team. Powered by Blogger.