Internet သမိုင်းကြောင်း
1960 ခုနှစ် အစောပိုင်းကာလများတွင် အချက်အလက်များကို
တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရန်အတွက် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်ခြင်းဆိုင်ရာ
နည်းပညာများကို NPL_network , ARPANET , CYCLADES , Merit Network , Tymnet နှင့်
Telnet တို့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ ထို ချိတ်ဆက်ခြင်းဆိုင်ရာ နည်းပညာများသည်
1960 ခုနှစ် နောက်ပိုင်းနှင့် 1970 ခုနှစ် များတွင် အလွန်လျှင်မြင်သော အရှိန်အဟုန်ဖြင့်
တိုးတက်ပြောင်းလဲခဲ့ပြီး Protocol ဟု ခေါ်သော အချက်အလက်များ ပေးပို့ခြင်းနှင့် လက်ခံခြင်းဆိုင်ရာ
နည်းဥပဒေ စည်းကမ်းများကို ချမှတ်နိုင်ခဲ့သည်။ ARPANET သည် Internetworking ပိုင်းဆိုင်ရာ
နည်းပညာဘက်ကို အသားပေးကာ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကွန်ယက်အတွင်းမှာဘဲ
အခြားသော ကွန်ယက်ငယ်များကို ခွဲခြမ်းစိတ်ဖြာနိုင်သော နည်းလမ်းကို ရှာဖွေတွေ့ရှိ ခဲ့သည်။
ARPANET သည် ပထမဆုံး
ကွန်ယက်ချိတ်ဆက်မှူ့ကို ပြုလုပ်ရန်အတွက် ပထမကွန်ယက်ကို လော့စ်အင်ဂျလိန်းမြို့ ကယ်လီဖိုးနီးယား
ပြည်နယ်ရှိ Henry Samueli School of Engineering and Applied Science အမည်ရှိ ကျောင်း၏ ဌာနတစ်ခုဖြစ်သော Network Measurement
Center တွင် ကွန်ယက်စံနစ်ကို Leonard Kleinrock ၏ ဦးဆောင်မှူ့ဖြင့် တည်ဆောက်စေပြီး
ဒုတိယကွန်ယက်ကို ကယ်လီဖိုးနီးယားပြည်နယ် မန်လိုပက်ခ် မြို့ရှိ SRI International အမည်ရှိ
သုတေသနအဖွဲ့၏ NLS System တွင် Douglas Engelbart ၏ ဦးဆောင်မှူ့ဖြင့် တည်ဆောက်စေကာ
ထို ကွန်ယက်နှစ်ခုကို အောက်တိုဘာလ 29 ရက်နေ့ 1969 ခုနှစ်တွင် ပထမဆုံး ကွန်ယက်ချိတ်ဆက်မှူ့အဖြစ်
အောင်မြင်စွာ ချိတ်ဆက် နိုင်ခဲ့သည်။ တတိယကွန်ယက်ချိတ်ဆက်မှူ့ကို ဆန်တာဘာဘရာမြို့ရှိ
ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သော Culler-Fried Interactive
Mathematics Center နှင့် ချိတ်ဆက်နိုင်ခဲ့သည်။ 1971 ခုနှစ် အကုန်ပိုင်းတွင် ကွန်ယက်ပေါင်း
၁၅ ခုအထိ တည်ဆောက်နိုင်ခဲ့ကြသည်။
ARPANET ၏ အောင်မြင်သော
ကွန်ယက်ချိတ်ဆက်မှူ့နောက်ပိုင်းတွင် အခြားသော ကွန်ယက်ချိတ်ဆက်မှူ့များ ပေါ်ထွက်လာခဲ့သည်။
ဥရောပမှ နည်းပညာရှင်များသည် X.25 ဟု အမည်ရသည့် ကွန်ယက်စံနစ်ကို အသုံးပြုခဲ့ကြသည်။
Norwegin Seismic Array (NORSAR) ကွန်ယက်ကို ဇွန်လ 1973 ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့ကြသည်။
ဒီဇင်ဘာလ 1974 ခုနှစ်တွင်
Vinton Cerf , Yogen Dalal နှင့် Carl Sunshine တို့သည် RFC 675 (Specification of
Internet Transmission Control Program) ဟုခေါ်သော စာတမ်း တစ်စောင်ကို ရေးသားခဲ့သည်။
ထိုစာတမ်းတွင် Internetworking ဟူသော စကားလုံးအစား Internet ဟူသော အတိုကောက် ဝေါဟာရကို
တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်။ National Science Foundation (NSF) ၏ ထောက်ပံ့မှူ့များဖြင့်
Computer Science Network (CSNET) သည် 1981 ခုနှစ်တွင် ပိုမိုကျယ်ပြန့်လာခဲ့သည်။
1982 ခုနှစ်မှာတော့ Internet Protocol Suite (TCP/IP) သည် တဟုန်ထိုး တိုးတက်လာကာ ကွန်ယက်ပေါင်း
ထောင်နှင့်ချီကာ ပေါ်ထွက်လာခဲ့သည်။
1986 ခုနှစ်တွင်
National Science Foundation Network (NSFNet) သည် Supercomputers များတွင် အသုံးပြုမည့်
မြန်နှုန်းဖြင့် 56kbit/s နှင့် နောက်ပိုင်းတွင် 1.5Mbit/s , 45Mbit/s အမြန်နှုန်းရှိသော
အင်တာနက်လိုင်းများကို အမေရိကန်ရှိ သုသေသနပြုလုပ်သည့် အဖွဲ့များအား ထောက်ပံ့ပေးရန်
သဘောတူညီခဲ့သည်။ 1980 ခုနှစ် နောက်ပိုင်းနှင့် 1990 ခုနှစ် အစောပိုင်းကာလများတွင် အင်တာနက်
ဆက်သွယ် ချိတ်ဆက်မှူ့ကို ၀န်ဆောင်မှူ့ပေးသော Internet Service Provider (ISP) ဟု ခေါ်သော
လုပ်ငန်းများ တိုးတက်ထွန်းကား လာခဲ့သည်။ 1990 ခုနှစ်တွင် PRPANET သည် အခမဲ့ ၀န်ဆောင်မှူ့လုပ်ငန်းများကို
ရပ်တန့်ခဲ့သည်။ 1995 ခုနှစ်တွင် အင်တာနက် နည်းပညာလုပ်ငန်းများနှင့် ပတ်သက်ပြီး ထောက်ပံ့ပေးနေသော
National Science Foundation Network (NSFNet) သည် ထောက်ပံ့မှူ့များကို ရပ်တန့်လိုက်သည့်
အချိန်မှ စတင်ပြီး အင်တာနက် ချိတ်ဆက်ခြင်း လုပ်ငန်းများသည် အခကြေးငွေဖြင့် ၀န်ဆောင်မှူ့ပေးသော
လုပ်ငန်းတစ်ခု သဖွယ် ဖြစ်လာခဲ့သည်။ အင်တာနက် အသုံးပြုမှူ့များသည် 1980 ခုနှစ် အလယ်ပိုင်းတွင်
ဥရောပနှင့် သြစတြေးလျတို့တွင် တွင်ကျယ်စွာ အသုံးပြုခဲ့ပြီး အာရှဘက် အပိုင်းများတွင်တော့
1980 ခုနှစ် နောက်ပိုင်းနှင့် 1990 ခုနှစ် အစောပိုင်း ကာလများမှ စတင်ကာ တွင်ကျယ်စွာ
အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ 1988 ခုနှစ်တွင်
ဂြိုလ်တုမှတဆင့် အတ္တလန္တိတ် သမုဒ္ဒရာကိုဖြစ်ကာ Transatlantic Communication ဆက်သွယ်ချက်
ကွန်ယက်ကို NSFNET နှင့် ဥရောပ ကြားတွင် တည်ဆောက်ခဲ့သည်။ ထို ကွန်ယက်သည် အမေရိကန်ပြည်ထောင်စု
နယူးဂျာစီပြည်နယ်ရှိ Princeton တက္ကသိုလ်နှင့် ဆွီဒင်နိုင်ငံရှိ Stockholm တို့အကြားတွင်
တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို ချိတ်ဆက်မှူ့မတိုင်ခင် အခြားသော ကွန်ယက်ချိတ်ဆက်မှူ့များရှိခဲ့သော်လည်း
Transatlantic Communication ချိတ်ဆက်မှူ့သည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ချိတ်ဆက်နိုင်သည့်
သမိုင်းသစ်ကို စိုက်ထူနိုင်ခဲ့သော ကွန်ယက် ချိတ်ဆက်မှူ့ တစ်ခု ဖြစ်ခဲ့သည်။
ယနေ့ခတ်တွင်
လူအတော်များများသည် အင်တာနက်ဆိုသော အရာကြီးကို နေ့စဉ်နှင့် အမျှ အသုံးပြုနေသ်ာလည်း
ဘယ်ကလာသည်? ဘာကြီးဖြစ်သည်ကို သေသေချာချာ ဂဃနဏ မသိရှိပေ။ အခြားသော နယ်ပယ်တွင် လုပ်ကိုင်နေကြသူများအဖို့
အင်တာနက် သမိုင်းကြောင်းကို မသိရှိခြင်းဆိုသည်ကို လက်ခံနိုင်ဖွယ်ရာ ရှိသော်လည်း
Information Technology (IT) ဟု ခေါ်သော သတင်းအချက်အလက်များဆိုင်ရာ နည်းပညာများကို လေ့လာဆည်းပူးနေသောသူများအတွက်
အင်တာနက် သမိုင်းကြောင်းကို မသိမဖြစ် သိရှိထားသင့်သော အကြောင်းအရာဖြစ်သည်။
ကမ္ဘာသည်
အင်တာနက်ကြောင့် ရွာကြီးသဖွယ် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ အရှေ့နှင့် ကမ္ဘာ့အနောက် ၊ ကမ္ဘာ့
တောင်ဘက်နှင့် ကမ္ဘာ့မြောက်ဘက် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အင်တာနက်ဆိုသော အရာရှိပါက
တစ်ဦးနှင့်တစ်ဦး လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်မည်ဖြစ်သည်။ ယခင် စာတိုက်မှ စာပို့သည့်ခေတ်မှ
ယခု အင်တာနက်ဖြင့် စာပို့သည့် ခေတ်ကို ရောက်ရှိနေပြီဖြစ်သည်။ အင်တာနက်သည် လူ့သမိုင်းတွင်
စာမျက်နှာအသစ်ကို ရေးထိုးပေးခဲ့သော လုပ်ငန်းဆောင်တာ တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် စာချစ်သူများအနေဖြင့်
မိမိ အသုံးပြုနေသော အင်တာနက်သည် မည်ကဲ့သို့စတင်ပေါ်ပေါက်လာခဲ့သည် ဆိုတာကို ဗဟုသုတ ရရှိစေရန်
ရည်ရွယ်ရေးသားရခြင်း ဖြစ်ပါသည်။ စာချစ်သူများအားလုံး ဗဟုသုတ ရကြပါစေ။
22-2-2017
စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)
Internet သမိုင်းကြောင်း
Reviewed by Myanmar Ethical Hacking News
on
7:32 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
7:32 PM
Rating:

No comments: