iPhone သို့မဟုတ် iPad အား ဒုက္ခပေးနိုင်မည့် Emoji
iPhone သို့မဟုတ် iPad များအတွက် အားနည်းချက်
Bug အသစ်တစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို ရှာဖွေတွေ့ရှိချက် အားနည်းချက်ကို IOS သို့တင်ပြခဲ့ပြီး
ဖြစ်ပါတယ်။ ထိုအားချက်သည် iPhone သို့မဟုတ် iPad များအား ရပ်တန့်သွားစေပြီး
Restart ပြန်လည် ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
အားနည်းချက်မှာ Emoji တွင် ပါဝင်သော အဖြူရောင်အလံ
၊ Digit “0” နှင့် Rainbow သက်တန့် Emoji တို့ဖြစ်သည်။ ထို Emoji များကို iPhone သို့မဟုတ်
iPad အသုံးပြုသူများအား ပေးပို့လိုက်သည့်အခါ iPhone သို့မဟုတ် iPad များ၏ လုပ်ငန်းဆောင်တာများအားလုံး
ရပ်တန့်သွားမည် ဖြစ်သည်။
အဖြူရောင်အလံ ၊ Digit “0” နှင့်
Rainbow သက်တန့် Emoji တို့ကို အတူတကွ တဖက်မှ ပို့လိုက်သည်နှင့် လက်ခံရရှိသူသည် ပို့လိုက်သည့်
Message ကို ဖွင့်ဖတ်ခွင့်ပင် ရရှိမည်မဟုတ်ဘဲ လက်ခံရရှိသည်နှင့် တပြိုင်နက် လုပ်ငန်းဆောင်တာများအားလုံး
ရပ်တန့်သွားမည် ဖြစ်သည်။
နောက်တစ်နည်းမှာ iCloud တွင် အဖြူရောင်အလံ
၊ Digit “0” နှင့် Rainbow သက်တန့် Emoji တို့ကို Sharing လုပ်လိုက်သည့်အခါ အဆိုပါ
iCloud တွင် ရှိသော အခြားသော Contacts များထံသို့ ရောက်ရှိသွားပြီး လက်ခံရရှိသမျှ
Contacts များသည်လည်း လုပ်ဆောင်ချက် များအားလုံး ရပ်တန့်သွားမည်ဖြစ်သည်။
ဖော်ပြပါ အားနည်းချက် ၂ ခုသည် IOS 10 နှင့်
နောက်ပိုင်းတွင်သာ ဖြစ်ပေါ်ပြီး IOS 9 နှင့် ရှေ့ပိုင်း ထွက်ရှိသော Version များတွင်
မဖြစ်ပေါ်ပေ။ iCloud တွင် အဖြူရောင်အလံ ၊ Digit “0” နှင့် Rainbow သက်တန့် Emoji စသည်တို့ကို
လက်ခံမိလိုက်သည်နှင့် တပြိုင်နက် IOS ၏ လုပ်ငန်းဆောင်တာများ အားလုံးရပ်တန့်သွားမည်ဖြစ်ပြီး
မည်သည့် ခလုတ်မှ နှိပ်၍ ရမည်မဟုတ်ချေ။ IOS အား Restart ပြန်လည် ပြုလုပ်ပေးမှသာလျှင်
မူလအခြေအနေကို ပြန်လည်ရရှိမည်ဖြစ်သည်။ အဆိုပါ အားနည်းချက်များ လုပ်ဆောင်ပုံအဆင့်ဆင့်ကို
အောက်ဖော်ပါပြ လင့်ခ် (Link) တွင် အသေးစိတ် ကြည့်ရူ့နိုင်ပါသည်။
Link : https://youtu.be/G0iPhSuiMpk
လက်ရှိ ဖြစ်ပေါ်နေသော ထို အားနည်းချက် ၂
ခုအား Apple မှ ယနေ့တိုင် ပြင်ဆင်နိုင်ခြင်း မရှိသေးပါ။ စမ်းသပ်ချင်သူများ အနေဖြင့်
ပေးထားသော Youtube ဗွီဒီယိုဖိုင်အား လေ့လာပြီး ပေးထားသော လင့်ခ် (Link) တွင် ၀င်ရောက်စမ်းသပ်နိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့သော အကြောင်းအရာများသည်
စာရူ့သူတို့ ဗဟုသုတ ဖြစ်စေရန်အတွက် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ယောက်အား
ထိခိုက်စေရန် စမ်းသပ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
2-2-2017
သတင်း စီစဉ်တင်ဆက်သူ - ပိုင်လင် (MEHN
Team)
iPhone သို့မဟုတ် iPad အား ဒုက္ခပေးနိုင်မည့် Emoji
Reviewed by Myanmar Ethical Hacking News
on
2:58 PM
Rating:
Reviewed by Myanmar Ethical Hacking News
on
2:58 PM
Rating:

Videoslots casino - YouTube, Facebook - Vimeo
ReplyDeleteVideoSlots casino - youtube mp3 YouTube, Facebook. Play free, casino games - free. Watch & win - Videoslots casino. Online Casino · Live Casino. Videoslots.