အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website တိုက်ခိုက်ခံရခြင်း



အမေရိကန်ရွေးကောက်ပွဲအတွင်း ဒေါ်နယ်ထရမ့်၏ အီးမေလ်းများ အပြန်အလှန်ပေးပို့သည့် စနစ်အား ထိန်းကျောင်း ထားသိုရာနေရာ (Email Server) တွင် အားနည်းချက်များ ရှိခဲ့ကြောင်းကို နည်းပညာရှင်များက ထောက်ပြခဲ့သည်။ ထောက်ပြခြင်းနှင့်အတူ Email Server အား ထိုးဖောက် ပြနိုင်ခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း “Pro_Mast3r” ဟု အမည်ရသော အီရတ် ဟက်ကာ (Hacker) တစ်ဦးမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website အား တိုက်ခိုက်နိုင်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website တည်ရှိရာ Web Server အား ထိုးဖောက်ခဲ့ပြီး မူလစာမျက်နှာ ပုံဖျက်ခြင်း (Defaced) ကို လုပ်ဆောင်ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ Web Server မှာ secure2.donaldjtrump.com ဖြစ်ပြီး CloudFlare ဟုခေါ်သော တိုက်ခိုက်ခြင်းများကို ကာကွယ်ပေးသည့် စံနစ်၏ နောက်တွင် တည်ရှိသည်။

ဟက်ကာ (Hackers) များသည် Web Server အား တိုက်ခိုက်ခဲ့ပြီး “Hacked by Pro_Mast3r ~ Attacker Gov Nothing Is Impossible Peace From Iraq” ဟု Website ၏ ပင်မ စာမျက်နှာပေါ်တွင် ရေးထိုးသွားခဲ့သည်။ အီရတ်နိုင်ငံရှိ ဟက်ကာ (Hacker) များသည်လည်း ကမ္ဘာ့ထိပ်တန်းဝင် စာရင်းတွင် ပါရှိပါသည်။ ထို့အပြင် အီရတ်နိုင်ငံတွင် Cyber Warriors များဟု ခေါ်တွင်သော IT နည်းပညာရှင်များ လုံခြုံရေးနည်းပညာရှင်များ စသည်တို့ကို အမြောက်အများ လေ့ကျင့်ပေးလျှက်ရှိသည်။

တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ မွတ်စလင် လူမျိုးများအား ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခြင်းနှင့် မွတ်စလင် လူမျိုးများအား ဖိနှိပ်ခြင်း စသည့်တို့ကြောင့်ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတ မဖြစ်ခင်ကတည်းက အမျိုးသားလုံခြုံရေးအား ဦးစားပေးဆောင်ရွက်မည်ဟု ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် သမ္မတဖြစ်လာသည့်အခါတွင်လည်း ပေးထားသော ကတိစကားနှင့်အညီ အမျိုးသားလုံခြုံရေး ကိစ္စရပ်များအား ဦးစွာ ကိုင်တွယ်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေး မူဝါဒများနှင့် ပတ်သက်၍ အာရပ်ကမ္ဘာနှင့် သဘောထား တင်းမာမှူ့များရှိခဲ့သည်။ ထို့ကြောင့် အီရတ်နိုင်ငံရှိ ဟက်ကာ (Hackers) များမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အီရတ်နိုင်ငံရှိ ဟက်ကာ (Hackers) များမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website အား တိုက်ခိုက်မှူ့တွင် နောက်ကွယ်မှ အားပေး ထောက်ပံ့ပေးသော အဖွဲ့အစည်းများ ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် ဟက်ကာ (Hackers) များအသုံးပြုသော ပစ္စည်းများတွင် အချို့သည် အခမဲ့မရနိုင်ချေ ၀ယ်ယူရရှိမှသာ ဖြစ်နိုင်ပေမည်။ ထိုသို့ ၀ယ်ယူရန်အတွက် ငွေကြေးအင်အား တောင့်တင်းသော အဖွဲ့အစည်းများ၏ အထောက်အပံ့များ လိုအပ်မည် ဖြစ်သည်။ ထိုအချက်ကို ကြည့်ပါက တိုက်ခိုက်သူများသည် မြေအောက် အဖွဲ့အစည်းမှ ဖြစ်သော်လည်း အစိုးရ သို့မဟုတ် အခြားသော အဖွဲ့အစည်းများမှ တဖက်လှည့်ဖြင့် အကူအညီ အထောက်အပံ့ပေးထားသည်မှာ ထင်ရှားလှသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ အီရတ်နိုင်ငံတွင် Cyber ဆိုက်ဘာ တိုက်ခိုက်မှူ့များအတွက် အထူးလေ့ကျင့် သင်ကြားပေးထားသော ကျွှမ်းကျင်ပညာရှင်ပေါင်း မြောက်များစွာရှိသည်။ အချို့သည် တရားဝင်အဖွဲ့အစည်းများတွင် ၀င်ရောက် လုပ်ကိုင်နေပြီး အချို့သည် မြေအောက်အဖွဲ့အစည်းများတွင် ၀င်ရောက်လုပ်ကိုင်နေလျှက်ရှိပါသည်။ ထိုသူများသည် ကျွှန်တော်တို့နိုင်ငံကို တိုက်ခိုက်လာမည်ဆိုပါက အထူးပင် စိုးရိမ်စရာ အခြေအနေဖြစ်ပါသည်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချက်အလက်များကို ရနိုင်သလောက် တိုက်ခိုက်ရယူနေလျှက်ရှိပါသည်။ အချက်အလက်များသည် လွန်စွာမှအရေးကြီးပါသည်။ အချက်အလက်များသည် စစ်ပွဲများကို ဖန်တီးနိုင်သလို စစ်ပွဲများကိုလည်း ရပ်တန့်စေနိုင်ပါသည်။ စစ်အောင်ရခြင်း စစ်ရှူံးရခြင်းများသည်လည်း အချက်အလက်များ အပေါ်တွင် များစွာမူတည်ပါသည်။ အချက်အလက်များလျှင်မြန်စွာ စီးဆင်းလေလေ ကိုယ့်ဘက်က အသာစီးရဖို့ ရာနိုင်နှုန်း များလေလေဖြစ်သည်။ တဖက်ရန်သူကို ထိုးနှက်ချင်ပါက ရန်သူ၏ အချက်အလက်များကို ရနိုင်သလောက် ရယူထားရမည်ဖြစ်သည်။

အနာဂတ်တွင် နည်းပညာစစ်ပွဲများ အသွင်ဆောင်လာမည့် အခြေအနေများကို မျှော်မှန်းထားရမည် ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်ခိုက်မှူ့များသည် နေ့စဉ်နှင့် အမျှ ဖြစ်ပွားနေလျှက်ရှိပါသည်။ တိုက်ခိုက်သူများသည် မြန်မာနိုင်ငံကိုလည်း တိုက်ခိုက်နိုင်ရန်အတွက် နေ့စဉ်နှင့် အမျှ ကြိုးပမ်းနေလျှက်ရှိကြပါသည်။ ထိုသို့ တိုက်ခိုက်လာပါက ကာကွယ်ထားနိုင်ရန် အထူးပင် အရေးကြီးလိုအပ်ပါသည်။ ထို့အပြင် တန်ပြန် တိုက်စစ်ဆင်နိုင်ရန်အတွက် Cyber Warriors ဟုခေါ်သော ဆိုက်ဘာ သူရဲကောင်းများလည်း မြောက်များစွာလိုအပ်ပါသည်။

နိုင်ငံအတော်များများတွင် CERT (Computer Emergency Response Team) , NSA (National Security Agency) စသည့် အဖွဲ့အစည်းများရှိသည်။ ထိုအဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် အမျိုးသားလုံခြုံရေး လုပ်ငန်းစဉ်များကို အဓိကထား လုပ်ကိုင်ကြသော အစိုးရဘက်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည်။ ထိုအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေကြသော ၀န်ထမ်းများကို ကြည့်မည်ဆိုလျှင်လည်း သက်ဆိုင်ရာ လုံခြုံရေးနည်းပညာရပ်များအား ကျွှမ်းကျွှမ်းကျင်ကျင် တတ်မြောက်ထားသူများဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်နှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များအတွက် Cyber Warriors ဟုခေါ်တွင်သော ဆိုက်ဘာ သူရဲကောင်းများ တနည်းအားဖြင့် Cyber Soldiers ဆိုက်ဘာ စစ်သည်များ မြောက်များစွာ လိုအပ်လှပေသည်။ အီရန်နိုင်ငံတွင် ကျွှမ်းကျင်အဆင့် ဆိုက်ဘာ စစ်သည်ပေါင်း ငါးထောင်ကျော်ခန့်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ကျွှမ်းကျင်အဆင့် Cyber Warriors များကို မွေးထုတ်ပေးနိုင်မည်ဆိုပါက အနာဂတ် နည်းပညာစစ်ပွဲများအတွက် လွန်စွာမှ အားထားရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။

8-3-2017
သတင်း စီစဉ်တင်ဆက်သူ - ကိုရီချင် (MEHN Team)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website တိုက်ခိုက်ခံရခြင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Website တိုက်ခိုက်ခံရခြင်း Reviewed by Myanmar Ethical Hacking News on 8:01 PM Rating: 5

No comments:

MEHN Team. Powered by Blogger.