ရုရှားဟက်ကာ တစ်ဦး မှ Citadel အမည်ရသော ထရိုဂျန်အား တီထွင် ဖြန့်ဖြူးသည်ဟု ဝန်ခံလျောက်လဲချက်ပေးသွားခြင်း


ရုရှားဟက်ကာ တစ်ဦးမှ Citadel အမည်ရသော ဘဏ်များအားရည်ရွယ်တိုက်ခိုက်သော  ထရိုဂျမ်အား တီထွင်ဖြန့်ဖြူးခဲ့ပါတယ်။ ဒီ ထရိုဂျန်ဟာ ၁၁မီလီယံခန့်ရှိသော  ကွန်ပျူတာတွေကို ထိခိုက်စေခဲ့ပါတယ်။ တန်ဖိုးအနေနဲ့ ဒေါ်လာ ၅၀၀ မီလီယံ ခန့် ဆုံးရှုံးစေခဲ့ပါတယ်။

ရုရှားဟက်ကာ Mark Vartanyan ဟာ ၂၉ နှစ်ရှိပြီး Kolypto အဖြစ်လူသိများပါတယ်။ သူဟာ တနလာင်္နေ့က Atlanta တရားရုံးမှာ အဆိုပါ ပြစ်မှုကို ကျူးလွန်မိပါတယ်လို့ ၀န်ခံလျောက်လဲချက်ပေးသွားပါတယ်။

သူဟာ ဗဟိုအစိုးရမှ ရှေ့နေတွေနဲ့ပူးပေါင်းပြီး ပြစ်မှုကို ၅နှစ်ထက်ပိုပြီး ထောင်မကျစေရန် ဆောင်ရွက်နေပါတယ်။
မော်စကို မှ  Vartanyan ဟာ နော်ဝေးနိုင်ငံမှာ ၂၀၁၄ခုနှစ်  အောက်တိုဘာလက အဖမ်းခံခဲ့ရပါတယ်။၂၀၁၆ခုနစ် ဒီဇင်ဘာလမှာ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။သူဟာ ဒီထရိုဂျန်ကို ပြုလုပ်ခြင်း၊ထိန်းသိမ်းခြင်း၊ဖြန့်ဝေခြင်းနှင့်တိုးတက်မွမ်းမံခြင်းတို့မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုတရားခံ လွှဲပြောင်းနိုင်ခြင်းဟာ နိုင်ငံတကာ ဥပဒေကို လိုက်နာတဲ့ နိုင်ငံတွေ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ဆိုက်ဘာပြစ်မှုတွေကို လျော့ချနိုင်တဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံမှ Attorney John Horn မှပြောကြားသွားပါတယ်။

တရားလိုမှ တိုင်ကြားထားတာကတော့ Citadel ထရိုဂျန်ကို ဆိုက်ဘာ ပြစ်မှု ကျူးလွန်ရာမှာ ပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းကြောင့် ငွေကြေးဆုံးရှုံးနစ်နာမှုနှင့် လူ့အဖွဲ့စည်းကို ထိခိုက်နစ်နာစေပါတယ် ဆိုပြီးတော့ပါ။ဒီဖြစ်ရပ်တွေကြောင့် ဆိုက်ဘာပစ်မှုတွေဟာ အင်တာနက်ဆိုတဲ့ အရိပ်နောက်မှာ ပုန်းမနေနိုင်ပါဘူး။ကျွန်တော်တို့ဟာ စီစစ်ပြီး တရားမျှတမှုကို တချိန်မှာတော့ ဖော်ထုတ်နိုင်ဆဲပဲဖြစ်ပါတယ်။

Citadel ထရိုဂျမ်ဟာ Zeus ထရိုဂျမ်က ပြောင်းလဲလာပြီး ၂၀၁၁ခုနှစ်လောက်က စတင် ရေးသားပြင်ဆင်လာခဲ့တာပါ။ ဒီထရိုဂျမ်ဟာ ဆိုရင် ကွန်ပျူတာတွေကို တိုက်ခိုက်တဲ့အပြင် အွန်လိုင်း ဘဏ်စနစ်မှ အချက်အလက်တွေ ခိုးယူခြင်းနှင့်ငွေကြေးဆိုင်ရာ အချက်အလက်တွေကို ဘဏ်ဝက်ဆိုဒ် ပုံစံဖြင့် ရယူခြင်းများ ပြု လုပ်ပါတယ်။

ဒီထရိုဂျမ်တိုက်ခိုက်မှုဟာ နိုင်ငံပေါင်း ၉၀ခန့်က ကွန်ပျူတာပေါင်း ၁၁မီလီယံခန့်ကို ထိခိုက်စေခဲ့ပြီး တိုက်ခိုက်မှုကြာချိန် ၃နှစ်အတွင်းမှာ ဒေါ်လာ ၅၀၀ မီလီယံခန့် ဆုံးရှုံးနစ်နာစေခဲ့ပါတယ်။ဒေါ်လာ ၂၅၀၀ ဖြင့် Citadel ထရိုဂျမ်ကို updateလုပ်နိုင်ပါတယ်။update လုပ်ခြင်းအားဖြင့် antivirus ပရိုဂရမ်တွေကို ရှောင်ရှားနိုင်ပြီး တခြားသော လုံခြုံရေး ဆော့ဝဲလ်တွေလည်း မသိနိုင်ခြင်းမှာ ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ Citadel ရဲ့ source code တွေ ပေါက်ကြားခဲ့ပါတယ်။ ဒီလိုပေါက်ကြားမှုကြောင့် antivirus ပရိုဂရမ်တွေက ဒီထရိုဂျမ်ရဲ့ ၀င်ရောက်မှုကို ပိတ်ပစ်နိုင်သွားစေပါတယ်။ Vartanyan ဟာ Citadel ထရိုဂျမ် ကို တီထွင် ဖြန့်ဖြူးသူ အဖွဲ့ထဲမှာ ပါဝင်သူတယောက်ဖြစ်ပါတယ်။
နောက်ထပ် ပါဝင် တခြားဟက်ကာတယောက်ကတော့ Dimitry Belorossov  ပဲဖြစ်ပါတယ်။ သူဟာ ၂၂ နှစ့် ခန့်ရှိပြီး akaRainerfox အဖြစ် လူသိများပါတယ်။သူ့ကိုတော့ ၂၀၁၅ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးရမိခဲ့ပါတယ်။သူကိုတော့ Citadelx ထရိုဂျမ် ဖြန့်ဖြူး ပြီး စက်ပစ္စည်းပေါင်း ၇၀၀၀ကျော်ကို ထိခိုက်မှုနဲ့ ထောင် ၄နှစ်နဲ့ ၆လ ကျသွားပါတယ်။

အမေရိကန် နိုင်ငံရဲ့တရားမျှတမှု အဖွဲ့အစည်းမှ ပြောကြားချက်ကတော့ Citadel ထရိုဂျမ်ဟာ ဆက်လက်ပြန့်ပွားနေဆဲဖြစ်ပြီး အသုံးပြုနေခြင်းကြောင့် ထောင်ကျဖို့ လူအသစ်တွေ်ထပ်ပြီး ထွက်ပေါ်လာပါလိမ့်အုံးမယ်လို့ ပြောကြားသွားပါတယ်။

27-3-2017
သတင်းစီစဉ်တင်ဆက်သူ :: D3@D$"i"@R (MEHN Team )
ရုရှားဟက်ကာ တစ်ဦး မှ Citadel အမည်ရသော ထရိုဂျန်အား တီထွင် ဖြန့်ဖြူးသည်ဟု ဝန်ခံလျောက်လဲချက်ပေးသွားခြင်း ရုရှားဟက်ကာ တစ်ဦး မှ Citadel အမည်ရသော ထရိုဂျန်အား တီထွင် ဖြန့်ဖြူးသည်ဟု ဝန်ခံလျောက်လဲချက်ပေးသွားခြင်း Reviewed by Mr.Thein on 11:05 PM Rating: 5

1 comment:

  1. How to Use Slots in a Casino - JTG Hub
    Slots are the most popular form of online 오산 출장안마 gambling, 공주 출장안마 however, 구미 출장샵 there are some new ways of playing casino 목포 출장안마 games and online slots with a 제주 출장마사지 different

    ReplyDelete

MEHN Team. Powered by Blogger.