WhatsApp Messenger အား တရုတ်မှ Ban လိုက်ခြင်း
WhatsApp ဆိုတာကတော့ ကမ္ဘာကျော် Instant Messaging( IM ) application တစ်ခုဖြစ်တာ လူတိုင်းသိကြပါတယ်။ သို့ပေမယ့်လည်း တရုတ်အစိုးရမှ ဇူလိုင်လှမှစကာ WhatsApp အသုံးပြုပြီး ဓာတ်ပုံများပေးပုံခြင်း၊ ဗီဒီယိုဖိုင်များပေးပို့ခြင်းကို ပိတ်ပင်ခဲ့တာကြောင့် WhatsApp အတွက်တော့ တရုတ်မှာ နေရာပျောက်နေခဲ့ရပါတယ်။
အခုတော့ နောက်တစ်ဆင့်တက်ပြီလို့ ဆိုရပါတော့မယ်။ Facebook မှ ပိုင်ဆိုင်တော့ WhatsApp ဖြင့် တရုတ်ပြည်အတွင်း text message ပင် ပို့မရအောင် ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။
တရုတ်ပြည်ကြီးအတွင်းမှာတော့ WhatsApp က ပျောက်ကွယ်တော့မလားပေါ့။
တရုတ်ဟာ အချို့သော web services( websites ) များ၊ အနောက်နိုင်ငံများပိုင်ဆိုင်သည့် social network များအား တရုတ်ရဲ့ Great Firewall ဖြင့် ကန့်သတ်ထားသည့် သမိုင်းကြောင်း ရှိခဲ့တာ အားလုံး အသိပါပဲ။ အခုဆိုရင် ကမ္ဘာ့ကျော် website ပေါင်း ၁၇၁ ဆိုဒ်ပိတ်ပင်ထားပါတယ်။ ထိုအထဲမှာ Wikipedia, Facebook, Instagram နဲ့ google ရဲ့ တချို့သော service များပင် ပါဝင်တာ တွေ့ရပါတယ်။
အခုတော့ WhatsApp အလှည့်ရောက်လာပြီလို့ ဆိုရမလိုဖြစ်နေပါပြီ။
WhatsApp ကို ဘယ်အချိန်တွင် ပြန်လည်အသုံးပြုခွင့်ရမည် မသိသေးသော်လည်း လက်ရှိအချိန်တွင်တော့ တရုတ်ပြည်တွင် WhatsApp ဖြင့် text message ပင် အသုံးပြုမရကြောင်း Paris အခြေဆိုဒ် WhatsApp စောင့်ကြည့်ရေးတစ်ခုဖြစ်သော Symbolic Software မှ ပြောကြားထားပါတယ်။ တရုတ်ပြည်တွင် WhatsApp အသုံးပြုလိုပါက virtual private network ( VPN ) အသုံးပြုမှသာ အဆင်ပြေမည်ဖြစ်သော်လည်း တရုတ်ပြည်တွင် VPN ကုမ္မဏီများအား လိုင်စင်ထုတ်ပေးခြင်း ပြုလုပ်ထားခြင်းကြောင့် vpn အသုံးပြုမည်ဆိုပါကလည်း စဉ်းစားစရာအချက်များစွာရှိကြောင်း သတိပြုသင့်ပါတယ်။
WhatsApp အားပိတ်ပင်ကာ တရုတ်ပြည်ပိုင် WeChat ကဲ့သို့သော secure messenger အား အသုံးပြုရန် အဏာပိုင်များမှ တိုက်တွန်းထားကြောင်း သိရှိရပါတယ်။
ထိုကဲ့သို ပိတ်ပင်မှုအတွက် WhatsApp အား ပိုင်ဆိုင်ထားသော Facebook မှ မည်သည့် မှတ်ချက်မှ မပေးသေးကြောင်း သိရှိရပါတယ်။ Facebook ကိုယ်တိုင်လည်း ပိတ်ပင်ခံထားရခြင်း၊ Instagram လည်း ပိတ်ပင်ခံထားရခြင်း၊ ယခု WhatsApp ပါ ပိတ်ပင်ထားပြီ ဖြစ်သောကြာင့် Facebook အနေဖြင့် တရုတ်ပြည်တွင် Colorful Balloons ဆိုသော Photo sharing app တစ်ခုသာလျှင် နောက်ဆုံးမျှော်လင့်ချက်လေး ကျန်ရှိကြောင်း သိရှိရပါတယ်။
သတင်းစီစဉ်တင်ဆက်သူ
Reviewed by Mr.Thein
on
9:41 AM
Rating:

Thanks for sharing this information
ReplyDeleteWith more than a decade of experience in working on Cisco Meraki Solutions, we are an established partner that provides sound networking solutions. We help customers migrate their IT infrastructure to the Full Stack of Cisco Meraki Solution with ease.network optimization service in india